Saturday, 18 October 2008

ကြယ်ကြွေတို့ရဲ့ အတောင်ပံ













...မင်းရဲ့ကလေးတွေဟာ မင်းရဲ့ကလေးတွေမဟုတ်ဘူး
သူတို့ဟာ ဘဝရဲ့ကိုယ်တိုင်မွတ်သိပ်မှုရဲ့ သားသမီးတွေပဲဖြစ်တယ်
မင်းခန္ဒာကိုယ်ထဲကဖြတ်ပြီး သူတို့လူလောကထဲကို ရောက်လာကြတယ်။ ဒါပေမဲ့ အဲဒါ မင်းဆီကနေ ရောက်လာတာမဟုတ်ဘူး

မင်းသူတို့နဲ့ အတူရှိနေပေမဲ့ သူတို့ကို မင်းမပိုင်ဘူး
သင်က သူတို့ကို ချစ်ခြင်းမေတ္တာပေးအပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ သင့်အတွေးတွေကို မပေးနိုင်ဘူး။ သူတို့မှာ ကိုယ်ပိုင်အတွေးတွေ ရှိနေလို့


သင်သူတို့၏အိမ်တွေကို ဆောက်ပေးနိုင်လိမ့်မယ်။ သို့သော် သူတို့၏ နာမ်ဝိဥာဉ် တွေကို ဆောက်မပေးနိုင်



မေမေ
လောကကြီးမှာ ကြွေသွားပြီးတဲ့ပန်းတွေ အများကြီး
အဲဒိထဲမှာ ပန်းပြန်ပွင့်တဲ့ပန်း မရှိဘူးထင်လို့လား
တချို့ပန်းတွေက တစ်စစီ ဖဲ့ကျွေခံလိုက်ရပေမဲ့ ပန်းပြန်ပွင့်နိုင်တဲ့ သတ္တိတွေရှိတယ်


ချစ်သော ဝေလွင်

ခါလိဂျီဘရန်က ပြောခဲ့ဖူးတယ်။ နာကျင်မှုတော်တော်များများဟာ တို့တွေကိုယ်တိုင် ရွေးချယ်ယူခဲ့တာဖြစ်တယ် တဲ့။
တို့လူသားတွေရဲ့ စိတ်ဝိဥာဉ်ဆိုတာက မကြာခဏဆိုသလို စစ်တလင်းတစ်ခုဖြစ်နေတတ်တယ်။ ကိုယ်တို့ရဲ့ အလိုရမက်တွေ၊ မွတ်သိပ်မှုတွေကို ဆင်ခြင်တုံတရားတွေ စီရင်ချက်တွေနဲ့ ခုခံတိုက်ခိုက်နေရတဲ့ စစ်မြေပြင်ပေါ့။

ဆင်ခြင်တုံတရားနဲ့ အလိုရမက်ဟာ စိတ်ဝိဥာဉ်ပင်လယ်ပြင်ခရီးမှာ တတ်မနဲ့ ရွက်ပမာ တူတယ်။
တတ်နဲ့ရွက် တစ်ခုခုပျက်ရင် ကိုယ်တို့လွင့်စင်မျောပါသွားမှာပဲ။

ဆင်ခြင်တုံတရားတစ်ခုတည်းနဲ့ဆိုရင် ဒါဟာအတင်းအဓမ္မ အကျဉ်းကျခံနေရသလိုပဲ။ အလိုရမ္မက်နဲ့ချည်းဆိုရင်လဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်မယ့် မီးတောက်မီးလျှံပဲ။ ဒီနှစ်ခုကို ဟန်ချက်ညီအောင် ထိန်းတတ်ဖို့ ကြိုးစားကြရမှာပါပဲ။

ဝေလွင်မရှိတော့တဲ့ ကိုယ်ရဲ့ကမ္ဘာဟာ ငရဲတစ်ခုပါပဲ။ အဲဒိ ငရဲကို ကိုယ်တိုင် ဖန်းဆင်းယူခဲ့တာပါ။

မေတ္တာဖြင့်

မင်းဥာဏ်

No comments: