Saturday, 18 October 2008

ကချေသည်မလေးများ













တာရာမင်းဝေ ရဲ့ စာအုပ်တွေထဲမှာ ဒီစာအုပ်ကို အကြိုက်ဆုံးလို့တောင် ပြောလို့ရပါတယ်။
ဖတ်လိုက်တိုင်း ဘယ်တော့မှ ရိုးမသွားဘဲ အင်အားတွေ အမြဲတမ်းပေးတဲ့ စာအုပ်လေးပါ။


မြတ်ငြိမ်း ဘာသာပြန်တဲ့စာအုပ်ကို ဖတ်ဖူးတော့မှ တာရာမင်းဝေ ဟာ ဇာတ်လမ်းကြောရိုးကို နည်းနည်းများ မှီငြမ်းသလားလို့ ထင်မိပါတယ်။ ဒါပေမဲ့ နှစ်အုပ်လုံးဟာ အရသာတမျိုးစီနဲ့ တကယ်ကိုကောင်းတဲ့ စာအုပ်တွေပါ။


ငယ်ငယ်ထဲက တာရာမင်းဝေရဲ့ ကချေသည်မလေးဂျူနို ကို စွဲလန်းခဲ့ရသလို မြတ်ငြိမ်းရဲ့ ကချေသည်မလေး ဆာရာ ကလည်းတော်တော်နှစ်သက်စရာကောင်းလှပါတယ်။ သူတို့နှစ်ယောက်လုံး ကျွန်မကို ဘယ်လောက်တောင် စွဲဆောင်လိုက်နိုင်သလဲဆိုရင် သူတို့ဝိဥာည်တွေ၊ စိတ်ဓာတ်တွေဟာ ကျွန်မရဲ့သွေးထဲကို စီးဆင်းလာသလို ခံစားရပြီး သူတို့နဲ့အတူတူ မဆုံးတမ်း မမောတမ်း ကချင်နေမိတဲ့ အထိပါပဲ။


သိပ္ပံပညာက တို့လူသားတွေကို ကျောက်ခဲတွေပေးခဲ့တယ်။ လူသားတွေကလည်း အဲဒီကျောက်ခဲတွေနဲ့ မြို့တည်လိုက်တယ်။ဒါပေမဲ့ ဘာမြို့လဲ၊ ဘယ်လိုမြို့လဲဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး.....



အရှေ့ဘက်မြို့ရိုးမှာတော့ သူ့နာမည် သူထိုးထားလိမ့်မှာပေါ့


ခုထိတော့ ဖတ်လို့မရသေးဘူး


မိုးကြီးရွာရမယ်... မိုးကြီးရွာရမယ်...........




အဲဒီလိုမိုးကြီးရွာမှ မြို့ရိုးမှာရေးထားတဲ့စာက ပေါ်လာလိမ့်မယ်


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာရမယ်...


အရှေ့ဘက်မြို့ရိုးမှာ မိုးတွေရွာမှ ဖြစ်မယ်.....




အရှေ့မြို့ရိုးမှာဖြင့် (တစက်မျှသာဖြစ်စေ၊ တစက်လောက်သာဖြစ်စေ) မိုးကတော့ ရွာခဲ့ပါပြီ။ ဘာစာလုံး၊ ဘာသင်္ကေတကို မြင်ကြရပြီလဲ။ ကြေကွဲစွာတော့ ဖတ်ရလိမ့်ဦးမည်။



ကကွက်စည်းဝိုင်း၏ အနီးဆုံးစားပွဲလေးပေါ်မှာတော့ ဓာတ်ပုံတပုံ၊ နှင်းဆီပန်းတပွင့်။


မေမေတယောက်နှင့် သမီးလေးတယောက် လူ့လောကထဲကို ရောက်လာခဲ့ဖူးလေသည်။

No comments: