Saturday 18 October 2008

The Universe


ကျွန်မကလေ ကမ္ဘာမြေကြီးအကြောင်း ၊ စကြာဝဠာ ကြီးအကြောင်းဆိုရင် သိပ်စိတ်ဝင်စားတယ်သိလား
နားမလည် တလည်နဲ့ အတော်ကြိုးစားလေ့လာရတဲ့ solar system ကြီးပါ။
အဲထိအကြောင်းတွေလေ့လာရရင်၊ စဉ်းစားရရင်လည်း တမေ့တမော..
အခုဖတ်နေတဲ့စာအုပ်လေး The Universe ကနေအတွေးတွေ နယ်ချဲ့ပြီး ရောက်တတ်ရာရာအတွေးလေးတွေကို ဝေမျှချင်လာတယ်.

Judaism, Christian, Islam ဘာသာ သုံးမျိုးကတော့ ထာဝရဘုရားသခင် God ဆိုတာကို ယုံကြည်တယ်။ ဘုရားသခင် ဖန်ဆင်းလို့ ကမ္ဘာလောကကြီး ပေါ်ပေါက်လာတယ်လို့ လက်ခံတယ်။ လူဆိုတာကိုလည်း ဘုရားသခင်က မြေကြီးကနေ ဖန်ဆင်းခဲ့တယ်။ နောက်ပြီးတော့ ဝိညာဉ်တော်ကို မှုတ်သွင်းဖန်ဆင်းခဲ့တယ်လို့ မှတ်သားရဖူးပါတယ်။ အဲဒိဝိညာဉ်ဆိုတာကလည်း ဘုရားသခင်ရဲ့ အစိတ်အပိုင်းတစ်ပိုင်း။ သိပ္ပံစကားနဲ့ ဥပမာပေးရရင် အရာဝတ္ထုတိုင်း atom တွေနဲ့ဖွဲ့စည်းထားတာပါ။ လူသားတွေရဲ့အသက်ဝိညာဉ်ဆိုတာလည်း ဘုရားသခင်ရဲ့ atom လေးတစ်ခုပါလို့ ကြားနားခဲ့ဖူးပါတယ်။

ဘုရားသခင်ဖန်ဆင်းထားတယ်ဆိုတဲ့ ကမ္ဘာမြေကြီးဟာ လူသားတွေအသက်ရှင်နေထိုင်ဖို့အတွက် အသင့်တော်ဆုံးနေရာလို့လည်း ဆိုပါတယ်။ သင့်တင့်တဲ့ မြေကြီးအခင်းရယ်၊ လိုအပ်တဲ့ကောင်းကင်အမိုးကြီးရယ်၊ အသက်ရှင်နေထိုင်ဖို့ မရှိမဖြစ်တဲ့ ရေ၊လေ၊တော တောင် သဘာဝတရားကြီးတွေရယ်နဲ့ စနစ်တကျ ဖန်ဆင်းထားတဲ့ကမ္ထာမြေကြီးလို့ အဆိုရှိပါတယ်။

ဘုရားသခင်ရှိကြောင်းမယုံကြည်တဲ့သူတွေကတော့ ဒီလောကကြီးဟာ စနစ်တကျဖွဲ့စည်းထားတာ မဟုတ်ရပါဘူး။ Big Bang မတော်တဆပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာတာပါလို့ ဆိုပြန်ပါတယ်။

ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေလည်း အငြင်းပွားကြပါတယ်။ အိုင်းစတိုင်း ကပြောတော့
“ ဘုရားသခင် ကြွေအံ မကစားပါ ” တဲ့..
ကဲ နောက်တစ်ယောက် Stephen Hawkings ကတော့ “ ဘုရားသခင် ကြွေအံ ကစားပါသည် ” လို့ ဆိုပါတယ်။
သူ့ရဲ့ အသစ်စက်စက် သတင်းကတော့ space ထဲကိုသွားဖို့ အတော်နီးစပ်လာတဲ့အကြောင်းပေါ့။
http://news.bbc.co.uk/2/hi/science/nature/6594821.stm

ဗုဒ္ဓဟောတာကတော့ “ ဒုက္ခသစ္စာ” ပါတဲ့။ သံသရာစက်ဝိုင်းထဲမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အားထုတ်ဖို့ သင်ကြားပါတယ်။
လူတွေအငြင်းပွားနေတဲ့ တည်ရှိခြင်း မရှိခြင်းကိုတော့ အဖြေမပေးခဲ့ပါဘူး။ ရှင်းပြရင် ပိုရှုပ်ကုန်မှာစိုးလို့ ဒီမှာ ဖတ်ကြည့်လိုက်ပါနော်။

ထူးခြားတာ တစ်ခုကတော့ ဘာသာတရားတွေမှာ ကမ္ဘာပျက်မယ့်နေ့ ဆိုတာတွေ ကြားကြားနေရပါတယ်။ အဓိပ္ပာယ် အနှစ်သာရ တူ မတူတော့ အသေအချာမပြောနိုင်ပါဘူး။ လေ့လာဆဲပါ။ နားလည်တဲ့သူများရှင်းပြပေးရင်တော့ ကျေးဇူးအထူးပါ။

ပညာရှင်တွေရဲ့ အငြင်းစကားတွေကို အဖြေမှန်ထုတ်နိုင်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သူများနဲ့ ဘုရားသခင်ထံမှ ကျရောက်လာသော ကျမ်းစာအုပ်များကို ယုံကြည်သူများအတွက် သက်သေခံနိုင်ဖို့၊ သက်ရှိသက်မဲ့များမှီတင်းနေထိုင်ရာ လောကကြီးကိုအကြောင်းကို ပိုမိုသိနိုင်ဖို့၊ အခုထက်ပိုမိုသာတောင့်သာယာဖြစ်စေမဲ့ ကမ္ဘာလောကကိုဖန်တီးပေးနိုင်ဖို့ စတဲ့ အမျိုးမျိုးသော ရည်ရွယ်ချက်တွေအတွက် သိပ္ပံပညာကလည်း မနေမနား ရှာဖွေနေဆဲပါ။

No comments: