Saturday 18 October 2008

ပေးစာများ
















ဘာစာအုပ်ဖတ်ရင်ကောင်းမလဲလို့ စာအုပ်တွေရွေးနေရင်း letters to lilyဆိုတာတွေ့တာ နဲ့ နာမည်လေးနဲ့တင် သဘောကျသွားတယ်။ နောက်က summary လိုဟာမျိုးလေး ဖတ်ကြည့်လိုက် တော့လည်း အဘိုးကနေ စပ်စုတတ်တဲ့ 7နှစ်အရွယ်သူ့မြေးမလေးဆီ ရေးတာဆိုတော့ပိုတောင်ဖတ်ကြည့်ချင်စိတ်ပေါက်သွားသေးတယ်။ ဖတ်ကြည့်လိုက်တော့ သိပ်မဆိုးပေမဲ့ အရမ်းမျှော်လင့်ထားတဲ့ ကျွန်မအတွက်တော့ သိပ်အာသာ မပြေသလို ဖြစ်သွားတယ်။ ကျွန်မမျှော်လင့်ထားတာက အစိုးရိမ်ကြီးတတ်တဲ့ အဘိုးတယောက်က မြေးတယောက်ကို ဆုံးမတဲ့၊ ရှင်းလင်းပြောပြတဲ့ personalဆန်ဆန် လမ်းညွှန်သွန်သင်မှုတွေနဲ့ ချစ်ခင်မှုတွေပါ။ တကယ်တမ်းကျတော့ facts တွေကိုအဓိကထားပြီး စကားပြေဆန်တဲ့ အရေးအသားတွေနဲ့ ဆောင်းပါးလို သဘောတွေများနေတယ်။ ကျွန်မ မျှော်လင့်တဲ့ ပေးစာပုံစံမျိုး ကို သိပ်မတွေ့ရဘူးဖြစ်နေတယ်။ဒါပေမဲ့ နောက်ဆုံးမှာ သူ့အမေက သူ့အစ်မဆီရေးထားတဲ့ ဟောဒီကဗျာလေးနဲ့ အဆုံးသတ်ထားပုံကတော့ တော်တော်လေး သဘောကျစရာကောင်းလှပါတယ်။


Petition for my daughter

Time be kind. The dangerous world
Presses on the petals furled,
But as bruising years go by
Promise her a sanctuary.

Let her grow with great surprise,
Guard the wonder in her eyes
For a shinning sea-washed stone,
For leaves of satin, twigs of bone.

Trust her with your mysteries,
Butterflies and bark of trees.
Woo her with your winds and grasses
comfort her when summer passes.

Given her body's flower grace
Into Galahad's embrace,
That in peace she may discover
Man as friend and friend as lover.

Time be kind, be gentle. Teach her
There are woods where naught can reach her,
There are mornings none can borrow,
Love enough for each tomorrow.


ပေးစာတွေနဲ့ပတ်သတ်လို့ ကျွန်မစိတ်ကို ဖမ်းအစားနိုင်ဆုံးစာအုပ်တအုပ်ကိုပြောပါဆိုရင် မြသန်းတင့် ဘာသာပြန်တဲ့ လူကလေးသို့ ပေးစာများကို ပြရမှာပါ။ စာအသိရော၊ ဘဝအသိပါ ပြည့်စုံကြွယ်ဝလှတဲ့ English Politician တစ်ဦးဖြစ်တဲ့ Lord Chesterfield ကနေ သူ့သားလေး Philip Stanhope လောကအလယ်မှာ လူတလုံး၊ သူတလုံးဖြစ်ဖို့အတွက်၊ အစစအရာရာမှာ အမှားအယွင်းတွေနဲ့ မကြုံတွေ့မိစေဖို့အတွက် စိုးရိမ်တကြီးနဲ့ တတွက်တွက်သင်ကြားနေတဲ့ ဖခင်တယောက်ရဲ့ ဂရုဏာ၊ စေတနာ တွေကိုအပြသနိုင်ဆုံး ပေးစာတွေပါ၊


ဒီပေးစာတွေကို သူ့သားတော့ ဘယ်လောက်တန်ဖိုးထားသလဲ မသိပေမဲ့ ကျွန်မကတော့ ကျွန်မအိမ်ကနေ ပထမဆုံးအကြိမ် လောကကြီးထဲကို သွားရမဲ့ခရီး၊ မိသားစုဝင်တွေမပါ တကိုယ်တည်း ချီတတ်ရမယ့် မိုင်ထောင်ချီ ခရီးမှာ မှတ်မှတ်ရရ သယ်လာခဲ့တဲ့ စာအုပ်ပါ။ ခုချိန်ထိလည်း စာအုပ်စင်မှာ မြတ်မြတ်နိုးနိုး သိမ်းထားရတဲ့ စာအုပ်လေးပါရှင်။

No comments: