Showing posts with label Business. Show all posts
Showing posts with label Business. Show all posts

Saturday, 18 October 2008

Fair Trading Vs Bank Charges



Fair Trading ဆိုတဲ့ စကားလုံးလေးကို စတင်ကြားဖူးခဲ့တာ လွန်ခဲ့တဲ့ 4 နှစ်ဝန်းကျင်လောက်တုန်းက ထင်ရဲ့။ အသိတစ်ယောက်နဲ့အတူ ကော်ဖီသောက်ဖို့ ဆိုင်ရွေးတော့ ထုံးစံအတိုင်း ကျွန်မက Starbucks coffee ကို ရွေးချယ်မိတယ်။ ဒါပေမဲ့ ကျွန်မအသိ က ချက်ချင်းကန့်ကွက်ပါတယ်။ Starbucks coffee က Fair trade မဟုတ်လို့ မသောက်ချင်ပါဘူးဆိုလို့ တခြားဆိုင် တစ်ဆိုင် ပြောင်းသောက်ခဲ့ရပါတယ်။ အဲဒိအချိန်မှာ ကျွန်မအတွက် သိပ်အကျွမ်းတဝင် မရှိသေးတဲ့ fair trade ဆိုတဲ့ စကားလုံး နဲ့ အကြောင်းအရာကိုလည်း သူက ရှင်းပြခဲ့သေးတယ်။ ဆိုလိုတာက 25 ပြား လောက်သာ ကုန်ကျစရိတ်ရှိတဲ့ ကော်ဖီတစ်ခွက်ကို 2.50 လောက်နဲ့ ရောင်းတာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါတဲ့။ အဲဒိလို အမြတ်ကြီးစားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ campaign တွေအကြောင်း ရှင်းပြရုံသာမက သူကိုယ်တိုင်ပါ လုံးဝအားမပေးတဲ့အကြောင်းလည်း ပြောပြခဲ့ဖူးတာ အမှတ်တရပါ။



အခုတလောတော့ Bank charges တွေဟာ fair trading မဟုတ်တဲ့အကြောင်း ဟိုနားဒီနား ကြားရယုံသာမက တီဗွီထဲမှာ သတင်းထဲမှာ တွေ့လာရပြန်ပါတယ်။ အဲဒိ ပိုက်ဆံတွေကို ပြန် claim လို့ရတယ်ဆိုတော့ မျက်လုံးတွေရော၊ နားတွေပါ ပို ပြူးကုန်တာပေါ့။ စိတ်ဝင်တစား လောဘတကြီးကို ရှာဖွေ လေ့လာမိတယ်ဆိုပါတော့တယ်ရှင်။

ဟုတ်ပါတယ်။ ဘဏ်အကောင့်တွေမှာ Agreed overdraft limit ဆိုတာရှိပါတယ်။ အဲဒိထက်ကျော်လွန်အောင် သုံးစွဲမိလို့ရှိရင် ဒဏ်ကြေးအဖြစ် 25-35 ပေါင်အကြား ဘဏ်အပေါ်မူတည်ပြီး သတ်မှတ်ထားတဲ့အတိုင်း ပေးရပါတယ်။ တကယ်တော့ အဲဒိနှုန်းထားတွေဟာ သိပ်ကိုများပြားတဲ့ အတိုးနှုန်းတွေနဲ့ တွက်ထားတာ ဖြစ်ပါတယ်။
2006 Barclays Bank Annual Report အရ သူတို့ရဲ့ အမြတ်ဟာ ကြောက်စရာ လန့်စရာပါ။ စကန့်တိုင်းဟာ ရွှေလို့ဆိုပါရစေတော့။ စကန့်နဲ့အမျှ မိနစ်နဲ့အမျှ အမြတ်အစွန်းတွေဟာ တရိပ်ရိပ် တက်နေပါတယ်။
£2,267 for every second of every day throughout the year, or £136,000 a minute လို့ ဆိုထားပါတယ်။
အဲဒိလို မြတ်နေတဲ့ကြားကတောင် ဘဏ်တွေဟာ unauthorized overdrafts အတွက် ဒဏ်ကြေးငွေကို The Current Bank of England' base rate ထက် လေးဆလောက် ပိုယူထားတယ်လို့ ဆိုပါတယ်။
ဒါဟာ ဘယ်လိုမှကို မတရားတဲ့ကိစ္စ၊ Fair Trading မဟုတ်တဲ့ အဖြစ်ပါလို့ ဆိုကြပါတယ်ရှင်။

What this minority experiences is a succession of hidden charges designed to make up for the fact that the majority receive their “free” banking. It comes in the form of extortionate unauthorised bank charges. For example, Barclays charges 27.5% for anyone who goes over their agreed overdraft limit. A fee of £30 is charged per account per day, up to a maximum of £90 within each monthly charging period.
On top of that, a “paid referral fee” of £30 is charged when Barclays actually pays out for an item that results in your account going overdrawn by more than £5 without an agreed limit, or by more than £5 above an agreed limit.
In addition, this fee is also charged if Barclays pays any further items that increase your unauthorised borrowing by £1 or more. It is easy to see how an inadvertent slip can cost a small fortune in charges.

Logically, this does not make sense. The cost of offering a banking service is fundamentally the same for every customer. Sure, there are additional costs, such as the cost of sending out a letter to someone who is overdrawn. But independent experts commissioned by the BBC have estimated that the “true” cost of doing so works out at no more than about £4.50, while the interest charged on that unauthorised overdraft is more than four times the current Bank of England base rate.
In other words, the way costs are incurred and profits made is skewed dramatically against those less able to pay them. That cannot be right.



အဲထိတော့ (လွန်ခဲ့တဲ့ ခြောက်နှစ်အထိ ) ကိုယ့်ရဲ့ နစ်နာကြေးတွေအတွက် ဘဏ်တွေမှာ ပြန်တောင်းဆိုနိုင်ပါတယ်။ စာရေးတောင်းဆိုလို့မှ အဆင်မပြေရင် OFT ( The Office of Fair Trading ) ရဲ့ အကူအညီ နဲ့ တရားရင်ဆိုင်နိုင်ပါသေးတယ် လို့ ဆိုထားပါတယ်။
Consumers can claim back up to six years of charges.Involved alongside HSBC, RBS and Barclays in the test case are HBOS, Lloyds TSB, Abbey, Clydesdale and building society Nationwide. Together they provide about 90 percent of UK personal current accounts.

စာရေးတောင်းဆိုနိုင်ဖို့အတွက်လည်း အသင့်သုံးလို့ရအောင် ပုံစံနမူနာပါ တခါတည်း ထည့်ပေး ထားပါတယ်။ လိုအပ်သူများ အသုံးပြုနိုင်အောင် ကျွန်မလည်း အောက်မှာ တစ်ခါတည်း attached လုပ်ပေးထားပါတယ်။

http://primeupload.com/file/128204/bank-charges-claim-form.doc.html

အားလုံးပဲ အဆင်ပြေ နိုင်ကြပါစေ။


အကြွေးရှိမှ သူဋ္ဌေးဖြစ်မည်


နိုင်ငံရပ်ခြား ရောက်နေကြသူတိုင်းအတွက်တော့ credit card, loan, mortgage ဆိုတာတွေနဲ့ သိပ်မစိမ်းလှပါဘူး။


credit card ဆိုတာကတော့ အကြွေးဝယ်ယူခွင့်ကဒ်ပြား။ ထုတ်ပေးတဲ့ ဘဏ်အပေါ်မူတည်၍သော်လည်ကောင်း၊ ကဒ်ပေါ်မူတည်၍သော်လည်းကောင်း ( initial, gold, platinum စသည်ဖြင့်) ထုတ်ချေးတဲ့ ငွေကြေးပမာဏ နဲ့ အတိုးနှုန်းထားတွေက မတူညီကြပါဘူး။

loan ဆိုတာကတော့ ရေရှည်ချေးငွေ လို့ဆိုရမယ်ထင်ပါတယ်။ ချေးချင်တဲ့ ငွေပမာဏ၊ ပြန်ဆပ်ချင်တဲ့ နှစ် ကာလအရေအတွက်အပေါ်မှာမူတည်ပြီး ကျသင့်တဲ့ အတိုးနှုန်းထားကို တခါတည်း တွက်ချက်ပြီး တလမှာ ဘယ်ရွေ့ဘယ်မျှ ပြန်ဆပ်ရမည် ဆိုတဲ့ သဘောတူညီချက်နဲ့ ချေးတဲ့ ပုံစံတမျိုးပါ။ credit card တွေထက် အတိုးနှုန်းထား သက်သာ ပါတယ်။

mortgage ဆိုတာကတော့ အိမ်ဝယ်တဲ့အခါမှာ အိမ်ဖိုးပိုက်ဆံ အပြည့်မရှိလို့ လိုတဲ့ငွေကို ဘဏ်က ထုတ်ချေးတဲ့ ရေရှည်ချေးငွေ ပုံစံ တမျိုးပါပဲ။ သူရဲ့အတိုးနှုန်း တွက်ပုံတွေက နည်းနည်းလေးရှုပ်ထွေးပါတယ်။ ငွေကြေးတန်ဖိုးတွေက အမြဲတမ်း အတက်အကျဖြစ်နေတတ်လို့ fixed rate ရယ် flat rate ရယ်ဆိုပြီး တွက်ချက်နည်း ပုံစံနှစ်မျိုး ရှိပါတယ်။ နှစ်တော်တော်ကြာကြာချေးရတဲ့ ရေရှည်ချေးငွေ တမျိုးဖြစ်တာကြောင့် ချေးလိုသူရဲ့ အသက်အရွယ် နဲ့ တကိုယ်တည်းသမားလား ဆိုတဲ့ အချက်တွေကလည်း အရေးကြီးတဲ့ အချက်တွေထဲမှာပါ ပါတယ်။

ဘဏ်တွေနဲ့ ချေးငွေတွေအကြောင်းကို အဲဒီလို ယေဘုယျ သဘောလောက်သာ သိထားတဲ့ ကျွန်မအတွက်တော့ jeffrey archerရဲ့ kane & abel ဆိုတဲ့စာအုပ်ရယ်၊ arthur hailey ရဲ့ the money changers ဆိုတဲ့စာအုပ်ရယ် ဖတ်အပြီးမှာတော့ ကျွန်မပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘဏ်တွေဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတော့တယ်။ တကယ့်ကို ကမ္ဘာကျော်စာရေး ဆရာကြီးတွေ ပီပီ ဘဏ်တွေအကြောင်း အသေးစိတ်လေ့လာပြီး ဘဏ်တွေအလုပ်လုပ်ပုံ အနုစိတ်ကို ချယ်မြုန်းထားပါတယ်။ စီးပွားရေးလုပ်ငန်းတရပ်အနေနှင့် ဘဏ်လုပ်ငန်းက စိတ်ဝင်စား စရာကောင်းလှပါတယ်။ ဘဏ်လုပ်ငန်းရဲ့ အဓိကလုပ်ငန်းလို့ ဆိုရလောက်အောင် ဒီအကြွေးကဒ် စနစ်ကလည်း နှစ် 40-50အတွင်း အောင်အောင်မြင်မြင်ကြီးကို တိုးတက် ကြီးထွားလာပါတယ်။ ဘဏ်လုပ်ငန်းရှင်တွေဟာ လိုအပ်တာထက် အဆပေါင်းများစွာပိုပြီး အတိုးနှုန်းထားတွေယူကြတယ်။ လူသားတွေ ဒုက္ခရောက်အောင် မွဲဆေးဖော်ပေးကြတယ်။ အကြွေးစနစ်နဲ့ စာရိတ္ဘတွေ ဖျက်ဆီးတယ်။ လက်ငင်းပေးစရာမလို၊ တသက်လုံး ကုန်းဆပ်ဖို့သာလိုသည် စသည်ဖြင့် အမျိုးမျိုးဝေဖန်တိုက်ခိုက်မှုတွေကြားကပဲ အောင်မြင်မှုသရဖူတွေဆောင်းလာလိုက်တာ အခုဆိုရင် credit card ကလေးမှမရှိရင် မျက်နှာငယ်သလိုလို၊ ခေတ်မမှီသလို အခြေအနေမျိုး အထိပါပဲ။

ဒီထက်ပိုဆိုးတာက ဖေဖော်ဝါရီ 1 ရက်နေ့ က The wall street journal မှာပါတဲ့ The suprising borrowing habbits of the rich ဆိုတဲ့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်မှပဲ ချမ်းသာတဲ့လူများလည်းကြွေးနဲ့ မကင်းနိုင်ပါလား လို့သိလိုက်ရပါတယ်။

A closer look at the nation's personal borrowings shows that the rich are piling on debt faster than the middle class -- though for very different reasons.
According to the Federal Reserve Board's Surveys of Consumer Finance, the nation's richest 1% loaded up on $342 billion in new debt between 1998 and 2004, the latest year for which data are available. (The 1% represents households with net worths, including primary residence, of at least $6 million.) Economists say that debt number has probably continued to grow since 2004, because interest rates remain low by historical standards.



In fact, some sociologists and economists say the rise in wealthy people's debt stems in large part from the growing pressure among the elite to keep up with richer peers. The biggest disparities in wealth today are among the rich, with mere millionaires getting shoved aside by decamillionaires, centimillionaires and billionaires.
So the haves are borrowing more to keep up with the have-mores. Those in the 95th percentile to 99th percentile of wealth have almost twice as much debt as the top 1%, as measured against assets. Economists and wealth managers say it's the single-digit millionaires who are becoming the most stretched, as they borrow to match the lifestyle of even-wealthier people.
The result, says Dalton Conley, a sociologist at New York University who studies status, is even more debt. "What we're seeing is the top 1% struggling to keep up with the top 1/10th of 1%," he adds. "And those people trying to keep up with the top 1/100th of 1%. There is a drive by the merely rich to keep up with the obscenely rich."


စကားမစပ် နောက်ထပ် ရယ်စရာတခုပြောရရင် ဒီနှစ် x'mas sale ချတဲ့အထဲမှာ ဘဏ်တွေလည်း ပါပါတယ်။ ဘဏ်တွေရှေ့မှာ sale ဆိုတဲ့ စာတန်းကြီးတွေကို တခမ်းတနား ချိတ်ဆွဲထားတာ မြင်တော့ ကျွန်မလည်း နည်းနည်း ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ ဘဏ်တွေက ဘယ်လိုများ sale ချလေမလဲ ဆိုပြီးတော့ ပေါ့။ နောက်သေသေချာချာ ဖတ်ကြည့်လိုက်တော့မှ loan ယူထားတဲ့သူများ သတ်မှတ်ကာလထက် စောပြီး အကြေဆပ်နိုင်လျှင် အတိုး ဘယ်ရွေ့ဘယ်မျှ ပြန်ပေးမည့်အကြောင်း၊ credit card သမားများကတော့ ဘယ်နှစ်လ အတွင်း အတိုးမယူကြောင်း၊ လျော့ပေးမည့်အကြောင်း စုံလို့ပါပဲ။

ဟုတ်ကဲ့ အကြောင်းအရာ အချက်အလက်တွေပြောတာများသွားပြီး ကျွန်မရဲ့ ကိုယ်ပိုင်အမြင်လေး မပါသေးဘူးဖြစ်နေတယ်။ ဒီနိုင်ငံတွေမှာ ကြီးလှပါတယ်ဆိုတဲ့ အတိုးနှုန်းဟာ ကျွန်မတို့ နိုင်ငံနဲ့ ယှဉ်ကြည့်ရင် တော်တော်လေးကို သက်သာနေပါသေးတယ်။loan နဲ့ချေးမယ်ဆိုရင် pound 5000 ကို နှစ်နှစ်အတွင်းပြန်ဆပ်မယ်ဆိုရင် ပုံမှန်အတိုးနှုန်း တစ်လကို pound 50 ထက်မကျော်ပါဘူး။ 1% လောက်ပဲ ရှိပါတယ်။ ဒီတော့ အလွန်အကျွံသဘောမဟုတ်ဘဲ သုံးတတ်ရင်တော့ ဆေး လို့ ယူဆပါတယ်။ money management နိုင်နင်းတဲ့ သူတွေအတွက် အကျိုးရှိတဲ့ သာဓကတွေ အများကြီးပါ၊ ပညာရှာလိုသူများအတွက် student loan နဲ့ uni သွားနိုင်သလို စီးပွားရေးသမားတွေအတွက် လည်း လည်ပတ်နေတဲ့ စီးပွားရေးမှာ ချင့်ချိန်သုံးရင် အကျိုးများနိုင်ပါတယ်။ လိုရာခရီးကို အချိန်မြန်မြန်နဲ့ ရောက်နိုင်တာပေါ့။ mortgage နဲ့ အိမ်ဝယ်သူများအနေနဲ့လည်း အမြဲတမ်း တက်နေတဲ့ ဒီနိုင်ငံရဲ့ အိမ်ဈေးတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်ရသူ ရှားမှရှားပါ။ အဲဒီလိုမှမဟုတ်ဘဲ သုံးဖို့၊ ဖြုန်းဖို့အတွက် သုံးမယ်ဆိုရင်တော့ ဒုက္ခရယ်၊ လှလှရယ်၊ ကိုယ်ရယ် ပျော်ပျော်ပါးပါးကြီး တွေ့သွားရဖို့အကြောင်း တော်တော်လေးရှိကြောင်းပါ။